Showing posts with label မှတ်စု. Show all posts
Showing posts with label မှတ်စု. Show all posts

Monday, November 7, 2011

Onilne ပေါ်မှသ၇ဲအကြောင်း

frenchma1221: အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်...
> ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"
>>
>>
>> သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ
> ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး
> ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့
> မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ
> (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။
> ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော
> ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ
> ထိုစာကြောင်းလေးဖြစ်သည်။
>>
>> "အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
> အမုန်းဆုံးပဲ"
>> ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း
> ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။
> ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။
>>
>> "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
>> သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
>> "ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
>> "ဟား....သရဲဖြစ်ရတာပျော်လား"
>> "ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
>> "ဟား...ဟား.. အချစ်အတွက်ကြောင့်လား"
>>

Friday, October 21, 2011

အကောင့်အသစ်ဖွင့်လိုသူများအတွက် သတင်းကောင်း

သူငယ်ချင်းများအားလုံး လက်ရှိဖြစ်ပေါ်နေတဲ့အကောင့်လျှောက်မရတဲ့ပြဿနာကို ကျွန်တော် တတ်နိုင်သလောက် ကူညီဖြေရှင်းပေးချင်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာပြည်ကနေပြီးတော့ အကောင့်တွေ အထူးသဖြင့် G-Mail Account တွေဖွင့်မရ ဖြစ်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်အကောင့်တွေတတ်နိုင်သေလာက်ဖွင့်ပေးပါ့မယ်။ အကောင့်ဖွင့်ချင်သူများ aungyinooblog@gmail.com ဖြစ်စေ မိမိတို့ဖွင့်လိုသော Mail အမျိုးအစား ( မှတ်ချက်။     ။ Google mail, Yahoo Mail, Blumail, VZO Account , Face Book  Account များသာ ) အခြား Free Mail များဖွင့်လိုပါက အကောင့်ဖွင့်လို့ ရနိုင်သော ဆိုဒ်လိပ်စာကိုပါ တစ်ပါတည်း ပို့ပေးစေချင်ပါတယ်  ၊ ဖွင့်လိုသော Username ( မှတ်ချက်။     ။ မိမိပေးထားသောနံမည်ဖြင့်မရပါက အနီးစပ်ဆုံးဖွင့်ပေးပါမည် ) ကို ပေးပို့ နိုင်ပါသည်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်အကောင့်ထဲကိုဝင်လာတဲ့ Mail ကနေသာ Reply ပြန်ပေးမှာဖြစ်ပါတယ်။ Mail ကို Reply ပြန်ရာတွင် အကောင့်ဖွင့်စဉ်ကပေးထားသော Security Question And Answer, Recovery Mail, Password, ကိုအပြည့်အစုံဖော်ပြပေးမှာ ဖြစ်ပါတယ်။ အော် ဒါနဲ့ တစ်ခုတော့တောင်းပါရစေ ကျွန်တော်တောင်းတာမဟုတ် google ကတောင်းတာပါ။တောင်းမှာက ဘာမှမဟုတ်ပါ မွေးနေ့ပါ။ အပြည့်အစုံးရေးပေးပါရန်..........
အောင်ရင်ဦး. Powered by Blogger.