Sunday, June 17, 2012

Opera Browser မှာ မြန်မာလိုရေးလို့ ဖတ်လို့မရသူများအတွက်

Opera Browser ကတော့ အသုံးပြုတဲ့လူနည်းမယ်ထင်ပါတယ်။ များသောအားဖြင့် mozilla fire fox ကိုပဲသုံးကြတာ များတယ်။ ကျွန်တော်လဲ အရင်က opera ကိုစမ်းသုံးကြည့်ဖူးပါတယ်..မြန်မာစာမြင်ရလို့ အဆင်မပြေဘူးဆိုပြီး မသုံးဖြစ်တော့ တာ။ အခု ၀င်းကမ္ဘာကျော်နည်းပညာဆိုက် ကနေ opera မှာ မြန်မာစာပေါ်အောင်လုပ်တဲ့နည်းလေးတွေ့လို့ ပြန်သုံးတော့မယ်ဗျို့.
ဘာလို့လဲဆိုတော့ opera မှာ function လဲစုံတယ်..firefox ထက်လဲ မြန်တယ်လေ..file sharing ပါလုပ်လို့ ရလို့ တော်တော်လေးအဆင်ပြေပါတယ်။အဓိကအကြိုက်ဆုံးအချက်ကတော့ connection နှေးနေတဲ့အချိန်မှာ opera turbo
ဆိုတဲ့ ဟာလေးသုံးလို့ရတာပါပဲ။ firefox လို add on တွေလဲ သုံးလို့ရပါတယ်။မြန်ဆန်မှုကတော့ firefox ထက်သာတယ်။
ဘယ်အရာမဆို အားသာချက်၊ အားနည်းချက် ဆိုတာရှိစမြဲမို့ ကိုယ်တိုင်အသုံးပြုကြည့်တာအကောင်းဆုံးပါပဲ။

မြန်မာစာပေါ်အောင်လုပ်နည်းကလဲ သိသွားတော့လဲ လွယ်လွယ်လေးပါပဲ။ အရင်ဆုံး Notepad လေးကို ဖွင့်ပြီး ဒီအောက်က ရေးထားတဲ့ ကုတ်ဒ်လေးတွေကို ကော်ပီကူးထည့်လိုက်ပါ....။

* , html, body, div, p{font-family:Zawgyi-One !important;}

ပြီးရင် User.css လို့ ရေးပြီး တနေရာရာ မှာ Save ထားလိုက်ပါ ..။

ပြီးရင် အဲဒီ User.css Notepad ဖိုင်လေးကို Copy ကူးပြီး

my computer>>>local disk(:C)>>>program file>>> opera >>>styles အထိသွားပြီး Paste လုပ်ပေးလိုက်ပါ....။

ထည့်ပြီးပြီဆိုရင်တော့ Opera Broswer လေးကို Exit ပေးပြီး ထွက်လိုက်ပါ ....။အားလုံး ပြီးရင်တော့ Opera လေးကို ပြန်ဖွင့်ကြည့်လိုက်ရင် မြန်မာစာတွေကို ဒီအတိုင်း ဖတ်လို့ ရေးလို့ ရသွားပါပြီ.....။
နည်းပညာတို့ရဲ့ဆုံမှတ်များဖိုရမ်  မှ ကူးယူတင်ပြထားပါသည်။

Monday, January 2, 2012

G-talk Picture လေးကို SlideShow လေးနဲ့ ထားကြရအောင်...

ကျွန်တော် G-talk သုံးစွဲသူများအတွက် မိမိတို့ရဲ့ G-talk မှာတင်ထားတဲ့ပုံလေးတွေကို SlideShow လေးနဲ့ထား ချင်သူများအတွက် G-talk Shell လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ကျွန်တော်တို့
G-talk Picture လေးတွေကို တစ်ပုံပြီးတစ်ပုံ SlideShow လေးနဲ့ ပြပေးနေမှာပါ။ သုံးချင်တဲ့သူများ
အောက်ကလင့်ခ်လေးမှာ ဒေါင်းလော့ချလိုက်ပါနော်.....
သုံးနည်းလေးကိုတော့ ကျွန်တော်နည်းနည်းပြောပြပေးပါမယ်....

Friday, December 30, 2011

Kaspersky ချစ်သူများအတွက် Kaspersky Antivirus 2012



Kaspersky Antivirus 2012 နောက်ဆုံးထွက် Version လေးပါ။ KAV 2011 လိုမျိုး
Key က Block မဖြစ်ပါဘူး။အာမခံပါတယ်။ key တွေကတော့ တစ်လတစ်ခါ လောက် သက်တမ်းကုန်ပါ
တယ်ဗျာ။

(All Laptop & PC Driver) Driver pack solution 11

                      ဒီတစ်ခေါက်တော့ အသစ်ထွက်လာတဲ့ Driver Pack Solution 11 (All Laptop & PC Driver) တစ်ခု ရှာတွေ့လို့တင်ပေးလိုက်ပါတယ်။ အဲဒါမျိုးDriver တွေက ကွန်ပြူတာသမားတိုင်း မရှိမဖြစ်ဆောင် ထားသင့်တဲ့ Driver တစ်မျိုးပါ။ ဘယ်လို Driver မျိုး ကိုမဆို သူက ဆွဲပြီးတင်ပေးသွား တာဖြစ်ပါတယ်။ ဘယ် ကွန်ပြူတာမဆို ဘယ် Window မဆိုအသုံးတည့်တဲ့ Driver တစ်မျိုးပါ။
ညွန်းတာကတော့တော်တော်လေးကို ညွန်းပြီးသွားပြီဗျာ။ တကယ်တမ်းကောင်းမကောင်းကိုတော့ သုံးကြည့်မှဘဲသိမှာဘဲဗျ။ ဒေါင်းရတာ အဆင်ပြေအောင် အပိုင်း 31 ပိုင်းခွဲပြီးတင်ပေးလိုက်ပါတယ်။
အေးအေးဆေးဆေးဒေါင်းကြပေါ့ဗျာ။ အပိုင်း 1ပိုင်းမှာ 95MB ရှိပါတယ်။

Wednesday, December 14, 2011

မေတ္တာရပ်ခံချက်

ကျွန်တော့်ဘလော့လေးကို ပြန်လည်ပြုပြင်နေဆဲမို့ နောက်ပီး အလုပ်က အချိန်ပိုပါဆင်းနေရပါသောကြောင့် ပို့စ်အသစ်တွေမတင်နိုင်တာကို နားလည်ပေးပါဗျာ။ ကျွန်တော် ဂိမ်းအသစ်တွေတင်ဖို့ ရှိနေတာ မအားတာနဲ့ မတင်ဖြစ်တာပါ။ ဆိုဒ်ကိုပြန်လည်ပြုပြင်ပြီးရင် အရင်လို ပို့စ်အသစ်တွေတင်သွားပါ့မယ်ဗျာ။
အားလုံးကိုချစ်ခင်လေးစားတဲ့ အောင်ရင်ဦး
အောင်ရင်ဦး. Powered by Blogger.