Saturday, October 29, 2011

ကွန်နက်ရှင်မကောင်းဘဲ G-Talk အလွယ်တကူဝင်ကြမယ်

ကွန်နက်ရှင်မကောင်းဘဲ G-Talk အလွယ်တကူဝင်ကြမယ်


ကျွန်တော်လည်း ဒီဆိုဒ်လေးကိုတွေ့ပြီး စမ်းသုံးကြည့်လိုက်တာ တော်တော်ကိုမြန်ပါတယ်ခင်ဗျာ G-Talk ၀င်
ရာတွင်လည်း မြန်ပါတယ်။သုံးကြည့်ပါ။ အခြား Chat များလည်းသုံးလို့ရပါတယ်။  Mail , Face book , Yahoo
G-Talk စသဖြင့်ပါပဲ။နောက်ပြီး သူက Offline , Idle , Busy , Available လုပ်လို့ရပါတယ်။
ကျွန်တော်ပုံမှာပဲ လင့်ခ်လေးထည့်ပေးထားပါတယ်။မြန်မာနိုင်ငံမှာနေတဲ့လူတွေအတွက် ကျွန်တော်ရည်ရွယ်
ပြီးရေးပေးလိုက်တာပါ။  တော်တော်လည်းမြန်ပါတယ်ခင်ဗျာ .......

Friday, October 28, 2011

FolderBookmarks

 ပုံမှာတွေ့တဲ့အတိုင်း folder ကို bookmark လုပ်တဲ့ဆော့ဝဲလ်လေးပါ။ ကြိုက်ရင်ယူသွားနိုင်ပါတယ်။ ဖိုင်ဆိုဒ်က 801KB ပဲရှိပါတယ်။ Mediafire Link မှာ သွားတင်ပေးထားပါတယ် လုပ်နည်းလေးကတော့ အပေါ်က ပုံမှာကြည့်လိုက်ပါ။ အဆင်ပြေပါစေ....

Folder Highlight

ပုံမှာတွေ့တဲ့အတိုင်း ဖိုလ်ဒါမှာ အရာင်ထည့်တဲ့ ဆော့လ်ဝဲ လေးပါ။ ကြိုက်ရင်ယူသွားနိုင်ပါတယ်။ အဆင်ပြေအောင် mediafire link မှာသွားတင်ပေးထားပါတယ်။ အသုံးပြုနည်းကတော့ လွယ်လွယ်လေးပါ။ သိပြီးတဲ့ သူအတွက်တော့ ဆောရီးဗျာ မသိသေးတဲ့သူ အတွက်ရည်ရွယ်တာပါ။ အရင်ဆုံး software ကို ဒေါင်းလုပ်လုပ်ပြီး install လုပ်လိုက်ပါ။ install အဆင့်ပြီးသွားပါက ကိုယ်အရောင်ထည့်ချင်တဲ့ folder ကို Right click ထောက်လိုက်ပါ အဲ့ဒီမှာ FolderHighlight ကိုရှာပြီး ဘေးကိုရွှေ့လိုက်ပါ။ အဲ့ဒီမှာ ကိုယ်ကြိုက်တဲ့ အရောင်ကို ထားလို့ရပြီ။ တကယ်လို့ အဆင်မပြေပါက အကြောင်းကြားပေးပါ။ အဆင်ပြေမယ့်လင့်မှာ သွားတင်ပေးပါ့မယ်။ အောက်ကပုံကိုနှိပ်ပြီးဒေါင်းလိုက်ပါ။ အားလုံးကိုချစ်တဲ့ အောင်ရင်ဦး.....

Thursday, October 27, 2011

မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ satellite ကနေ ကြည့်ချင်သလား

ဒီနေ့ ခေတ်အား IT ခေတ်ဆိုတဲ့ အတိုင်း အရမ်းတိုးတက်တာ အံ့သြသင့်စရာပါပဲ …..
အခုပဲ satellite ကနေ မိမိချစ်သူဘာလုပ်နေတယ်ဆိုတာ အလွယ်တကူကြည့်လို့ ရပါတယ် ..
ဘာမှမလိုအပ်ပါဘူး .. မိမိချစ်သူရဲ့ GSM ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးယုံပါပဲ ..
satellite ကနေ GSM Network နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေးတာပါ ..
ကော်နက်ရှင် အရမ်းကောင်းစရာလဲ မလိုပါဘူး ..

Wednesday, October 26, 2011

Ship Simulator Extremes

သင်္ဘောမောင်းတဲ့ဂိမ်းတဲ့။ မောင်းရတာ တော်တော်လေးကို ကောင်းတယ်။ ကြိုက်ရင်ယူသွားနိုင်ပါသည်။ ဒေါင်းရအောင် မဆင်ပြေအောင် mediafire links မှာသွားတင်ပေးထားပါတယ်။ ဖိုင်ဆိုဒ်က 261MB ရှိပါတယ်။ အပိုင်းသုံးပိုင်းခွဲပြီးတင်ပေးထားပါသည်။ တစ်ပိုင်းကို 100MB ပိုင်းထားပါသည်။ အားလုံးပဲအဆင်ပြေကြပါစေ.........



               password:aungyinoo@@

အပိုင်း၁  အပိုင်း၂  အပိုင်း၃

ဂျီမေးအကောင့်ဟက်ချင်သလား

သူငယ်ချင်းတို့တွေ ဂျီမေးကို ဟက်ချင်သလား? ဟက်ချင်မယ်လို့ထင်ပါတယ်။ အရင်ဆုံးကျွန်တော့အကောင့်ကို အရင်ဟက်ပေးပါနော် ဟိ။ ကဲဒီမှာ သွားဟက်လိုက်ပါနော်။

keylogger ကိုလှည့်စားကြည့်ရအောင်

ကျွန်တော်တို့ keylogger ကိုအလွယ်တကူ လှည့်စားကြည့်ကြရအောင်။ အရမ်းကြီးတော့ မခက်ပါဘူး။ keylogger ရဲ့အားနည်းချက်ကို အသုံးပြုရမှာပါ။ အဲဒီအတွက် mouse ပဲလိုအပ်ပါတယ်။

beautiful ကိုရိုက်မယ်ဆိုပါတော့ ပထမti ကိုရိုက်လိုက်ပါမယ်။ ပြီးရင် mouse ကိုအသုံးပြုပြီး cursor ကို t ရဲ့ရှေ့ကိုရွှေ့လိုက်ပါ။ ပြီးရင် be ကိုရိုက်လိုက်ပါမယ်။ ပြီးသွားရင် စောစောကလိုပဲ mouse ကိုအသုံးပြုပြီး cursor ကို i ရဲ့နောက်ကိုရွှေ့လိုက်ပါမယ်။ ပြီးရင် ful ကိုဆက်ရိုက်လိုက်ပါမယ်။ ပြီးသွားရင် cursor ကို t ရဲ့ရှေ့ကို ပြန်ရွှေ့လိုက်ပါ။ ကျန်နေသေးတဲ့ au ကိုရိုက်လိုက်ပါ။ ဒါဆိုရင်တော့ keylogger မှာ tibefulau ဆိုပြီးပေါ်နေမှာပါ။ သတိပြုရမှာက cursor ကိုရွှေ့ရာမှာ လုံးဝ(လုံးဝ) keyboard ပေါ်က arrow key တွေကို အသုံးမပြုမိပါစေနဲ့။ mouse ကိုအသုံးပြုပြီးပဲ ရွှေ့ဖို့လိုအပ်ပါတယ်။ လည်သလိုသာ လှည့်စားကြပေတော့။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ကိုမြတ် မှကူးယူဖော်ပြထားပါသည်။

ကွန်ပျူတာအဆင့်မြင့်မြင့်ကိုင်ချင်သူတွေအတွက်

ဟုတ်ကျွှန်တော့ဆီမှာကြုံတွေ့ နေတာလေးတွေကိုပြောပြမလို့ ပါ
(ဘယ်သူကိုမှမရည်ရွယ်ပါဘူး)

ကွန်ပျူတာစတင်ဝယ်မဲ့သူတွေရော၊ရိုးရိုးအသုံးချနေသူတွေအတွက်ပါပညာရှင်တွေ
လုပ်ငန်းသမားတွေမပါပါဘူးနော်

ကွန်ပျူတာကိုယနေ့ အသုံးပြုသူတွေဟာကျွှန်တော်ဘယ်လိုမြင်နေလဲလို့ 

ဆိုတော့ကျွှန်တော်တို့ ဆိုင်မှာပါ

ကွန်ပျူတာဆိုတာအကောင်းဆုံးဆင်မှ၊အကောင်းဆုံးတွေတပ်မှ၊
Motherboard အကောင်းဆုံး၊

Hard disk ဂစ်များများ၊ CPU dual-core ဘဲပေးပါ ၊
Memory DDR2 / DDR3 ကောမထွက်သေးဘူးလား

ရှိရင်ပေးဦး မကောင်းဘူးလားကောင်းတာပေါ့အကုန်ကောင်းတယ်ဆိုင်ရှင်
လည်းပိုက်ဆံပိုရတယ်နောက်

ဝယ်တဲ့သူလည်းစိတ်ချမ်းသာတယ်မဟုတ်ဘူးလား၊ပြီးတော့ကောပြီးတော့
ကွန်ပျူတာကိုဘာအတွက်သုံးမှာလည်း

စာစီစာရိုက်လေ အင်တာနက်ကြည့်မလို့ 
ဗွီဒီယိုကြည့်မယ် ခလေးတွေဂိမ်းကစားမယ် ဟုတ် ကစားမယ့်ခလေးကို

ကြည့်တော့ ၁၂နှစ်လောက်ရှိမယ်ဟာ ကုန်တဲ့ပိုက်ဆံနဲ့ လုပ်မဲ့ 
အလုပ်ကမာစီဒီးကားကိုလိုင်းကားဆွဲစားနေသလိုဘဲ

ဗျ၊ကွန်ပျူတာဆိုတာနည်းပညာပစ္စည်းဗျမိတ်ဆွေတို့ ဒီနေ့ သုံး
နောက်နေ့ အသစ်ထွက်ပြီ သုံးနေရင်းကိုအလိုလိုမော်

ဒယ်အောက်လာတာငါ့ကွန်ပျူတာနောက်ဆုံးထုတ်ဆိုပြီးပြောကြည့်ပါလားဘယ်
နှစ်ရက်ရမလဲဆိုတာကျွှန်တော်ကတော့

အကြံပေးချင်တာရိုးရိုးအိမ်သုံးသမားတွေအနေနဲ့ ကတော်ရုံဆိုရပါပြီ။
ဥပမာပေါ့ CPU 2.4 pentium R

MEMORY 512 / Hardisk 80 Gb / VGA 64 Mb
လောက်ဆိုသုံးပါဗျာမိသားစုတစ်စုအတွက်လောက်ပါတယ်

ဈေးချင်းယှဉ်ကြည့် ဒီတစ်စုံလုံးကဟိုအလုံးရဲ့ CPU နဲ့ Hearddisk
ဈေးလောက်ဘဲကျမှာပါ ။ပိုတဲ့ငွေကိုတစ်ခြား

အရင်းအနှီးမှာထည့်သုံးဖို့ ပါ ။ကျွှန်တော်လည်းရူးဖူးတယ်နောက်
ကွန်ပျူတာဂျာနယ်မှာကြာနေပါပြီ ။ကျွှန်တော်ပြည်ပ

မထွက်ခင်ကပါရေးသူကဦမျိုးအိုင်တီအန်းတိတ်လားမသိဘူးသူ့ ဆောင်းပါး
ပါ နာမည်ကဟောင်းပေမဲ့ ကောင်းနေဆဲပါဆိုတာ

ဂျပန်နိုင်ငံကတပတ်ရစ်ကွန်ပျူတာတွေအကြောင်းပါ။တစ်ဦးကအသစ်ဝယ်တယ်၊
နောက်တစ်ဦးကဂျပန်ကျတစ်ပတ်ရစ်ဝယ်တယ်

နှစ်ယောက်စလုံးကစာစီစာရိုက်ဆိုင်ဖွင့်ထားတယ်။အသစ်သမားကပျက်တယ်ဂရန်တီနဲ့ 
မို့ ပြန်လဲတယ်(၃)လကြာတယ်စီးပွားရေး

တွေကသိကအောက်ဖြစ်တယ်၊ဂျပန်ကျသမားကပျက်တယ် အရင်းအနှီးနဲနဲ နဲ့ 
တစ်ရက်အတွင်းပြန်လုပ်နိုင်တယ်ပေါ့။

သေချာစဉ်းစားရင်ဟုတ်တယ်ဗျကျွှန်တော်တို့ ထိုင်းမှာတောင် ဂရန်တီမကုန်
ဘဲပျက်ရင်တောင်ရော့ယူမပေးဘူးဟိုကိုပို့ ဒီကိုပို့ 

အမြန်ဆုံး၁၄ရက်ကနေ၂၀ရက်ဘဲကွန်ပျူတာကိုဝါသနာအရဆိုရင်တော့အေးဆေးပေါ့
စီးပွားရေးလုပ်စားတဲ့သူကတော့

ပြသနာဖြစ်ပြီနောက်အချင်းချင်းမေးတယ်နင်ကွန်ပျူတာဆင်တာဘယ်လောက်ကျလဲ
၎သိန်း၊၃သိန်း၊အော်ကွန်ပျူတာတစ်လုံးကတော်တော်ဈေးကြီးတာဘဲနော်၊နောက်မှ
ဝယ်မယ်ကွာသွားပြီသူ့ မိသားစုတွေနည်းပညာနဲ့ ဝေးပြီပေါ့

ကျွှန်တော်ပြောချင်တာကကွန်ပျူတာဟာနည်းပညာပစ္စည်းပါ။ဒီလောက်ရှိမှဒီလိုသုံးလို
့ရမယ်ဆိုတာကိုမတွေးပါနဲ့ 

အရာရာမှာအသစ်ကကောင်းပါတယ်၊အသစ်မတတ်နိုင်တော့လည်းဂျပန်ကျတွေရှိပါတယ်
ကျွှန်တော်ကြော်ငြာတာမဟုတ်ဘူးနော်

ကျွှန်တော်တော့ရောက်နေတာ ၅ နှစ်ရှိပြီဆိုတော့မသိဘူးဂျာနယ်တွေမှာတော့
၁သိန်းခွဲကနေ၃သိန်းလောက်အထိရှိတယ်ဖတ်ရတယ်

pentium III မကောင်းဘူး Pentium 4 တောင် socket 775
မှအဲ့လိုမယူဆပါနဲ့ ကျွှန်တော်တို့ မြန်မာပြည်မှာတော့မသိဘူးဒီမှာဘန်ကောက်

မှာတောင်ထိုင်းလူမျိုးတွေဂျပန်ကျတွေသုံးနေကြပါတယ်မယုံရင်ဘန်ကောက်လေယာဉ်ကွင်းအဟောင်း
ဘေးမှာဂျပန်ကျကွန်ပျူတာတွေရောင်းတာ

အောင်ဆန်းကွင်းထက်ကြီးပါတယ်လာကြည့်လှည့်ပါ။ကွန်ပျူတာဆိုတာကဇိမ်ခံပစ္စည်းမဟုတ်ပါဘူး
နည်းပညာပစ္စည်းပါငွေနဲ့ ဝယ်ပြီးတော့နည်းပညာ

ကိုသင်ယူရမှာပါ။ဒါမှဟိုဟာမှဆိုရင်တော့ကျွှန်တော်တို့ အမျိုးတွေကျန်နေခဲ့လိမ့်မယ်နော်၊
ကျွှန်တော်အတွေ့ အကြုံတစ်ခုပါဒီကဘဏ်တစ်ခုပေါ့ဗျာ

နာမည်ကြီးပါဒီနိုင်ငံမှာတော့အကြီးဆုံးစာရင်းဝင်တယ်နာမည်တော့မပြောတော့ပါဘူး။မိန်းတန်းနန့် လုပ်ဖို့ လာခေါ်တယ်မကြာသေးပါဘူး

မှတ်မှတ်ရရ 12.11.2008 မှာပါသွားလုပ်ပေးတယ်နောက်ဂျပန်ကသူ့ ဌာနကဆော့ဝဲလ်ပြောင်းလို့ ဆော့ဝဲလ်အပ်ဒိတ်ပါလုပ်ပေးပါတဲ့

ကျွှန်တော်ထင်တာကဟာတကယ့်နာမည်ကြီးဘဏ်ပေါ့အကောင်းစားတွေဘဲတပ်ထားမှာပေါ့ဖြုတ်
ကြည့်လိုက်တယ်

SOCKET478 / CPU 1.8 / Harddisk 20Gb / Memory 256 ပြီးရောသူတို့ တွေ
အလုပ်လုပ်နေတာကမ္ဘာနဲ့ ချီပြီးလုပ်နေကြတာ

ကျွှန်တော်ကထိုင်းလိုနဲနဲပါးပါးရတော့စပ်စုတယ်ကျွှန်တော်တို့ မှာအသစ်တွေအများကြီးထွက်
နေတယ်အပ်ဒိတ်မလုပ်ဘူးလားပေါ့သူတို့ 

ကဘာပြောလည်းဆိုတော့ပိုထည့်လိုက်လို့ ကောတဲ့သူတို့ လုပ်ငန်းပိုက်ဆံပိုရနိုင်မလားတဲ့
ပေါ့ပြီးရောပေါ့ဗျာ


ကျွှန်တော်ပြောချင်တာကမိမိတို့ မိမိတို့ သူငယ်ချင်းတွေကိုပြောပေးကြဖို့ ပါကွန်ပျူတာဟာ
နည်းပညာပစ္စည်းဆိုတာရယ်နောက်ပိုက်ဆံ

ရှိမှအသုံးချလို့ ရမယ်ဆိုတာမဟုတ်ပါဘူးရှိတဲ့ငွေနဲ့ ရတဲ့ကွန်ပျူတာကိုဝယ်ပြီးလေ့လာပါ
ဆိုတာရယ်ပါ။ဒါပေမဲ့ခြွင်းချက်တော့ရှိပါတယ်

တကဲ့ဂရပ်ဖစ်အလုပ်တွေ၊ဘာတွေကတော့အဆင်မြင့်မြင့်တပ်ဆင်မှရမှာပါ။
အဆိုးဆုံးကတော့ဂိမ်မာတွေပေါ့ဗျာ

ဝင်းဒိုးတင်ရင်အနည်းဆုံးရှိရမယ့် System hardware လိုအပ်ချက်တွေကတော့
သိသလောက်ပြောပါ့မယ်


window xp cpu pentium 233 or 300 Mhz to upper / Memory
64Mb to upper / Harddisk 2Gb to upper

VGA 1Mb to upper အနဲဆုံးလိုအပ်ချက်တွေပါ

window vista cpu 2.8 pentium to upper/ memory 1Gb to
upper / Harddisk 40 Gb to upper

အနဲဆုံးလိုအပ်ချက်တွေပါ

မိမိ system မှာဒီလောက်ပါဖောင့်မန့် ရှိရင်တင်လို့ ရပါပြီမြန်မြန်သုံးချင်ရင်တော့
ပစ္စည်းထပ်ထည့်ပေါ့

ကျွှန်တော်ပညာရလိုက်တာတစ်ခုရှိပါသေးတယ်ဆရာတပ်ပေးလိုက်တဲ့ 300Gb ဟာ့ဒစ်ကပြည့်နေပြီတဲ့ထပ်တပ်ရဦးမယ်မလောက်ဘူးတဲ့

ယူလာခဲ့ဆိုပြီးစစ်ကြည့်တော့ဟုတ်တယ်ဖိုင်တွေအများကြီးဘဲပြည့်နေတယ်ဘာတွေ
လည်းဆိုတော့ရုပ်ရှင်တွေသီချင်းတွေဗျဟားဟားဟား။

မိတ်ဆွေတို့ လည်းအခွေတွေအကုန်လုံးဝယ်မကြည့်ဘဲဟာ့ဒစ်စ်ထဲမှာသိမ်းပြီးကြည့်မယ်ဆိုရင်တော့
မပြောတတ်တော့ဘူးဗျာ....

ကိုမြတ် မှ ကူးယူဖော်ပြထားပါသည်။

Notepad မှာ စာတွေရေးပြီးရင်အလိုလျှောက်အချိန်ပေါ်စေချင်ရင်

Notepad မှာ စာတစ်ကြောင်းရေးပြီ ဆိုပါတော့ခင်ဗျာ။ အဲဒီစာကို ဘယ်အချိန်၊ဘယ်ရက်က ရေးလည်းဆိုတာကို မှတ်မိရင်မကောင်း

ဘူးလာခင်ဗျာ။ ကိုယ်က ဘယ်နေ့ ၊ဘယ်အချိန်က ရေးတယ်ဆိုတာ

ကိုရေးစရာမလိုပဲ အလိုအလျောက် ပေါ်လာမှာပါ။လွယ်ပါတယ်ခင်ဗျာ။

အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ ခင်ဗျာ။ ပြီးတာနဲ့ ထိပ်ဆုံးမှာ LOG

ဆိုတာလေးကို ရေးလိုက်ပါ။ ရေးပြီးရင်တော့ Enter တစ်ချက်ခေါက်လိုက်

ပါ။ ကိုယ်ရေးချင်တာတွေ ရေးလို့ ရပါပြီ ခင်ဗျာ။ ရေးပြီးသွားရင်တော့ F5

လေးကို နှိပ်လိုက်ပါ။
အချိန်၊ရက်၊လ၊နှစ်တို့ ကို ကိုယ်ရေးတဲ့ စာကြောင်းနောက်

ဆုံးမှာ ဖော်ပြပေးပါ လိမ့်မယ်။ နောက်တစ်ကြိမ် ပြန်ဖွင့်ပြီး ထပ်ရေးမယ်ဆိုရင်

ဘယ်နေ့ ၊ဘယ်အချိန်က ဒီစာကို ရေးသလဲဆိုတာကို ပြန်တွေ့ ရမှာပါ။ စာထပ်ရေး

မယ်ဆိုရင်လည်း ရေးပါ၊ပြီးရင် F5 လေးနှိပ်လိုက်ရင် စာရေးတဲ့ အချိန်ကို Update

လုပ်ပေးပါလိမ့်မယ်။ အစဉ်ထာဝရ အမှတ်တရ ဖြစ်ပါစေ။

ကိုမြတ် မှ ကူးယူဖော်ပြထားပါသည်။

Bad Sector တွေများနေလို့ 

Hard Disk မှာ Bad Sector တွေများနေလို့ window အတက်မှာ Auto Scan Disk ထပြီး Run ခဲ့ရင်..
window ကိုသုံးမရဘဲ အချိန်အကြာကြီးစောင့်နေရမှာဖြစ်ပါတယ်..
အဲဒီလို Scan Disk မ Run ရလေအောင် ကီးတစ်ခုခုနှိပ်ပြီး ကျော်မလားမေးလာရင်..
နှိပ်ပြီးကျော်ပေးရပါလိမ့်မယ်..
အဲဒီလိုအဖြစ်မျိုး ၀င်းဒိုးတက်လာတိုင်းဖြစ်ဖြစ်နေရင်..
စိတ်ညစ်နေရမှာဘဲ.. နောက်ပြီး..ကိုယ်က အရေးတကြီးအလုပ်နဲ့ စက်ဖွင့်ချင်တယ်..
သူက Stage 1 , 2 , 3 ဆိုပြီး အေးဆေးစစ်နေအုံးမှာ ဆိုတော့ ... စိတ်ညစ်စရာကြီးပေါ့....
ဆိုတော့ အဲလိုစစ်နေတာလေးမစစ်တော့လေအောင်..ဘယ်လိုဖြုတ်မလဲ..

Window Xp နဲ့ Window 2000 မှာဆိုရင်..
run ထဲမှာ regedit ရိုက်ပါ..
HEY_LOCAL_MECHINE အောက်က System\ Current ControlSet\ Control \ Session Manager ကို ၀င်လိုက်ပါ..
အဲဒီမှာ BootExecute ရှိပါတယ်..modify လုပ်ပါ...အဲဒီမှာ Autocheck Autochk * ဆိုတာရှိမယ်..ဒါက Enable ဖြစ်နေတာပါ..
အဲ့ဒါကို ဖျက်ပစ်လိုက်ရင်.. Disable ဖြစ်သွားပါပြီ..
ပြီးရင်..windows ကို Restart သော်လည်းကောင်း၊ logoff သော်လည်းကောင်း လုပ်ပေးမှသက်ရောက်မှုရှိလိမ့်မယ်..

Window ME မှာဆိုရင်..
run ထဲမှာ regedit ရိုက်ပါ..
HEY_LOCAL_MECHINE အောက်က System\ Current ControlSet\ Control \ File Systemကိုသွားလိုက်ပါ..
အဲဒီမှာ Disable ScandiskOnBoot ဆိုတာရှိပါတယ်..value ကို 01 လို့ထားပြီး Disable လုပ်လိုက်နိုင်တယ်..
00 ပြောင်းလိုက်ရင်Enable လုပ်တာဖြစ်တယ်..
ပြီးရင်..windows ကို Restart သော်လည်းကောင်း၊ logoff သော်လည်းကောင်း လုပ်ပေးမှသက်ရောက်မှုရှိလိမ့်မယ်..

ဒါဆိုရင် သင်တို့ရုံးတွေအိမ်တွေက ကွန်ပျူတာတွေမှာ Badsector ဖြစ်နေလို့ chkdsk လုပ်နေရင်..အလုပ်ကလဲအရေးကြီး စက်ကလဲဖွင့်လို့မရ
နဲ့အချိန်အကြာကြီး စိတ်ညစ်ရမှာပါ..အခုလိုလုပ်ထားရင် Window အတက်တွေမှာ Auto Check မလုပ်တော့ပါဘူး..
သူငယ်ချင်းများ အဆင်ပြေကြပါစေ..


ကိုမြတ် မှ ကူးယူဖော်ပြထားပါသည်။

SYSTEM Optimize လုပ်ရာတွင်သတိပြုရမည့်အချက်များ

ကျွှန်တော်တွေ့ မိသလောက်လေးပါ။

ကျွန်တော်တို့ကွန်ပြူတာတစ်လုံးကို အသစ်ဖြစ်စေ အဟောင်းဖြစ်စေ
မြန်နေမှ သုံးတဲ့သူတွေက ကြိုက်ကြပါတယ်။
အဲဒီတော့ ကျွန်တော်တို့ မြန်အောင်Tweak တွေလုပ်တယ်။
Maintainance တွေလုပ်တယ်။
တစ်ချို့လူတွေက Guide တွေမပြည့်စုံတာရယ်။
Tweak လုပ်တဲ့သူတွေရဲ့မကျွမ်းကျင်မှုတွေရယ်ကြောင့်
ပိုမြန်မလာဘဲ ပိုနှေးလာတတ်တယ်။
Performance Loss တွေ Data Loss တွေဖြစ်လာတယ်။

သတိထားရမှာတွေက...

CPU Overclocking

CPU overclocking ကအရင်ကတည်းက ခေတ်စားတဲ့ နည်းပညာတစ်ခုပါ။
1.7 GHz ရှိတဲ့ကွန်ပြူတာကို 2.0 GHz လောက်ထိရောက်သွားအောင်
ကောင်းကောင်း overclock လုပ်လို့ရတယ်။
သတိပြုရမှာက Overclock လုပ်ထားတဲ့ဘယ်
Hardware မဆို အပူပိုထွက်တယ်။ ဒီတော့ ကျွန်တော်တို့ Cooling System
ကောင်းရင်ကောင်း၊ မကောင်းရင်တော့ CPU ညောင်းသွားမှာပါ။
နောက်တစ်ခုရှိသေးတာက CPU နဲ့ Motherboard က Timer မကိုက်ခဲ့ရင်လည်း
Data Loss တွေ Data Error တွေဖြစ်လာနိုင်တယ်။
ကျွမ်းကျင်တဲ့ Overclocker ကတော့ ဘာကိုမှမထိခိုက်စေဘဲ Speed ကို Optimize လုပ်နိုင်တယ်။

Disk Defragmentation
ဘယ်သူ့ကိုမေးမေး Defrag လုပ်တာကောင်းလားကောင်းပါတယ်လို့ဖြေမှာပါ။
ဟုတ်ပါတယ်။ ဖိုင်တွေတစ်ကွဲတစ်ပြားစီရှိနေတာကို တစ်နေရှာထဲစုထားပေးလိုက်တော့
ရှာရတာပိုမြန်ပါတယ်။ Hard Disk Access Rate ပိုမြန်လာပါတယ်။
သတိပြုရမှာက Bad Sector ရှိနေတဲ့ Hard Disk ပါ။ Bad Sector
ထဲမှာ ဖိုင်ရေးလိုက်ရင် အဲဒီဖိုင်က အဆုံးဘဲ။ ကျွန်တော်တို့ ရဲ့သာမာန်ဖိုင်ဆိုရင် တော့
Data Loss ဖြစ်တာလောက်ဘဲရှိပြီး။ OS ရဲ့ဖိုင်ဖြစ်နေရင် OS မှာပါ error ဖြစ်လာလိမ့်မယ်။
OS ရဲ့ Critical ဖိုင်ဆိုရင် OS ကိုအသစ်ပြန်တင်ပေးမှရလိမ့်မယ်။
(OS ဆိုတာက Operating System ကိုအတိုခေါ်တာပါ။
Linux, Mac, Window အားလုံးကိုခြုံပြီးတော့ OS လို့ပြောလိုက်တာပါ။)

Temporary Files ရှင်း/ဖျက်ခြင်း
Temporary ဆိုတာက Program ဖိုင်တွေလုပ်လုပ်နေတဲ့အချိန်မှာ ရေးထားခဲ့တဲ့ဖိုင်တွေဘဲဖြစ်တယ်။ သုံးပြီးသွားရင်တော့ဖျက်သွားပါတယ်။ မဖျက်ဘဲကျန်ခဲ့တဲ့ဖိုင်တွေလည်းရှိတယ်။ ဒီဖိုင်တွေကိုရှင်းပစ်လို့ ပြဿနာမရှိပါဘူး။ ဒါပေမယ့်တစ်ချို့ Program က Installer ကို Temp အောက်ထဲမှာ ထားလိုက်တယ်။ အဲဒီဖိုင်ကို ကိုယ်ကမသိလို့ရှင်းပစ်လိုက်ရင်... Uninstall လုပ်တဲ့အခါပြဿနာလာရှာလိမ့်မယ်။ Cannot Find Installer Files ဆိုပြီးပြောလိမ့်မယ်။

Prefetch Files ရှင်း/ဖျက်ခြင်း
Prefetch ဆိုတာကဘာလဲ?
Prefetch ဆိုတာကတော့ ကွန်ပြူတာမှာ ကိုယ် exe တစ်ခုကို run လိုက်တဲ့အခါပေါ်လာတဲ့ဖိုင်ပါ။
Microsoft Windows XP မှာပါတဲ့ feature တစ်ခုပါ။
သူကဘာလုပ်ပေးလဲဆိုတော့ Prefetch လုပ်ပြီးသား exe ရဲ့ Load Speed ကိုမြန်စေတယ်။

Prefetch ဆိုတာရှင်းလို့ ကွန်ပြူတာမြန်လာနိုင်သလား?
တစ်ခါလောက်ဘဲ run ပြီး နောက်တစ်ခါထပ်မဖွင့်ဖြစ်တော့တဲ့ Program ဆိုရင်တော့ Prefetch
ကအသုံးမ၀င်တော့ဘူး။ အဲဒီဖိုင်တွေများလာရင် Hard Disk Access ကျလာနိုင်တော့နှေးလာနိုင်တယ်။ ဒါကြောင့်ဒီဖိုင်တွေကိုရှင်းပစ်တာက ကွန်ပြူတာကိုအနည်းငယ်တော့မြန်လာစေမယ်။

ဘာ errorတွေ ရှိနိုင်မလဲ?
သတိမထားမိကြတဲ့ errorတွေ ရှိတယ်။ အဲဒါက prefetch ရဲ့ folder မှာဘဲ
defrag လုပ်ရင် အရမ်းအရေးပါတဲ့ Layout.ini ဆိုတဲ့ဖိုင်ရှိတယ်။

Layout.ini ဆိုတာကရောဘာလဲ?
Layout.ini ဆိုတာက ကွန်ပြူတာရဲ့အသုံးများတဲ့ Files တွေကို စီပြီးရေးထားတာပါ။
Defrag လုပ်တဲ့ software ကအဲဒီ ဖိုင်ကိုဖတ်ပြီး အရင်စီပါတယ်။ ကျန်တာတွေကို နောက်မှာလိုက်စီပါတယ်။
ဒီဖိုင်က ၀င်းဒိုးတင်လိုက်တဲ့အချိန်တစ်ချိန်မှာဘဲ create လုပ်တယ်။ ကွန်ပြူတာထဲကို ဖိုင်အသစ်သွင်းပြီး ဖွင့်လိုက်တိုင်းပြင်ရေးတယ်။ ဒါပေမယ့်ဖျက်လိုက်မိရင် နောက်ထပ်ဘယ်တော့မှ မတွေ့တော့ဘူး။ ပြန် create လုပ်လို့မရတော့ဘူး။
အဲဒီတော့ Windows တက်ရင်နှေးလာနိုင်တယ်။


Registry Hack/Tweak
Guide မှာပါတဲ့ Instruction တွေကိုသေသေချာချာဖတ်ပြီးလိုက်လုပ်ရင်တော့ errorမှ မရှိပါဘူး။
အများစုကလည်း UI က timer ကိုလျော့ပစ်တာဖြစ်လို့ ပြဿနာသိပ်မရှိပါဘူး။
(ဥပမာ - startmenu delay ကို လျော့တာမျိုးပါ)
တစ်ချို့နေရာတွေမှာတော့ ပြဿနာရှိနိုင်တယ်။
(ဥပမာ - NtfsDisable8dot3NameCreation ကို disable လုပ်ထားရင်
Command Line (DOS) သုံးတဲ့ Program တစ်ချို့အလုပ်မလုပ်ပါဘူး)။
မကျွမ်းကျင်ဘဲပြင်လိုက်လို့ ကတော့ OS ရဲ့ Setting ကိုထိသွားရင် ဝင်းဒိုးတက်မှာမဟုတ်ပါဘူး။

ကဲမိတ်ဆွေတို့ လည်းသတိထားပြီး optimize လုပ်နိုင်ကြပါစေ။
အဆင်ပြေကြပါစေဗျာ.....

ကိုမြတ် မှ ကူးယူဖော်ပြထားပါသည်။

Uninstall လုပ်၍ မရသော ပြဿနာ

သိရှိပြီးသား လူတွေကိုတော့ ထုံးစံအတိုင်း sorry ပေါ့ဗျာ..
တစ်ချို့သော software တွေကို Uninstall လုပ်တဲ့ အခါမှာ
လုပ်လို့ မရဘဲ ပေကပ်ကပ် လုပ်နေတဲ့ အခြေ အနေမျိုး လူတိုင်းကြူံဖူးကြမှာပါ
အဲ့လိုမျိုးဖြစ်နေခဲ့ရင်တော့အောက်ပါအတိုင်းလုပ်ပေးလိုက်ပါဗျာ

၁။ Start – Run – regedit ဟု ရိုက်ထည့်ပြီး OKလိုက်ပါ

၂။ HKEY_LOCAL-MACHINE\Software\Microsoft\Windows\
CurrentVersion\Uninstall အောက်ရှိ မိမိ Uninstall လုပ်ချင်သော
Software ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် UninstallString file အား
Double Click ပါ။ Value Data: အောက်ရှိ Box တွင်
C:\Program Files\WordWeb\uninst.exe ကို Copy လုပ်ပြီး OK ပေးပါ။

၎။ Start – Run ထဲတွင် C:\Program Files\WordWeb\uninst.exe
ကို Paste လုပ်ပြီး OK ပေးပါ။ Uninstall အား ပုံမှန်အတိုင်း
အဆင့်ဆင့် လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

အဆင်ပြေကြပါစေဗျာ.....

ကိုမြတ် မှ ကူးယူဖော်ပြထားပါသည်။

ဂျီတော့ Invisible ကို ဖော်ကြည့်ရအောင်

Google Talk ကို ယခုနောက်ပိုင်း ဂျီမေးလ်ကနေ သုံးလို့ရလာပါတယ်။ အဲ့ဒီလို သုံးတဲ့အခါမှာ Invisible ဆိုတဲ့ Function တစ်ခုပါလာပါတယ်။ ကိုယ့်ရဲ့ Status ကို Invisible လုပ်ထားရင် ကိုယ့်ကို ဂျီတော့မှာ သူများက offline အနေနဲ့ပဲတွေ့နေရမှာ ဖြစ်ပါတယ်။ ကိုယ်ကတော့ ဂျီမေးလ် ရဲ့ Google Talk ကလေးကနေပြီးတော့ သူများတွေကို online ဖြစ်နေလား offline ဖြစ်နေလား ဆိုတာကို တွေ့နေရပါတယ်။

အကယ်၍ စာဖတ်သူဟာ ကိုယ့်ရဲ့ GTalk က လူတယောက်ကို offline အနေနဲ့ တွေ့နေရတယ် ဆိုပါတော့။ အဲ့ဒီ့လူ တကယ် offline ဖြစ်မဖြစ်ကို သိချင်တယ်ဆိုပါတော့။ ဒါဆို စစ်တဲ့ နည်းလေးရှိပါတယ်။ offline အစစ်လား offline အတုလား သိချင်ရင် ဒီလိုလေးလုပ်ပါဗျာ။

(၁) Google Talk မှာ ကိုယ်သိချင်တဲ့ offline ဖြစ်နေတဲ့ လူနဲ့ ပုံမှန်ချက်သလိုပဲ ဖွင့်လိုက်ပါ။

(၂) Send voicemail ရယ် Call ရယ် စတဲ့ ခလုပ်တွေဘေးနားက အောက်ဘက်ညွှန်ပြနေတဲ့ ခလုပ်ကိုနှိပ်လိုက်ပါ။ Go off the record ကို နှိပ်ပါ။

(၃) သူ့ကို ပုံမှန်ချက်သလို စာတခုခု ရိုက်ထဲ့ပြီး ချက်ကြည့်ပါ။ ဥပမာ… hi လို့ ရိုက်ပြီး ချက်ကြည့်ပါ။

(၄) blahblahblah@gmail.com is offline and can’t receive messages right now. လို့ ပေါ်လာခဲ့ရင် သူတကယ် offline ဖြစ်နေတာပါ။ တကယ်လို့ ဘာမှ မပေါ်လာရင် သူ Invisible လုပ်ထားတာပါ။

(၅) စစ်ပြီးသွားရင် “Stop chatting off the record” ကို ပြန်နှိပ်ပေးပါ။ သို့မှသာ နောက်ပိုင်း သူနဲ့ ချက်ရင် Gmail မှာ သူနဲ့ နောက်ပိုင်း ချက်တာတွေကို Chat section မှာ ဂျီမေးလ်ကနေ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အဆင်ပြေကြပါစေဗျာ။

ကိုမြတ် မှကူးယူဖော်ပြထားပါသည်။

Quick Format နှင့် Regular Formatအကြောင်း

ဟ့ဒ်ဒစ်စ်ကိုအကြောင်းအမျိုးမျိုးကြောင့်ဖော်မက်တွေချကြပါတယ်။အဲ့ဒီမှာ
Quick Format နှင့် Regular Formatဆိုတဲ့အပိုင်းလေးတွေကိုသတိမထားမိဘဲ
အလွယ်တကုချကြတာကိုတွေ့ ရပါတယ်။
အဲ့ဒီအကြောင်းကိုသိပြီးလုပ်ဆောင်ရင်ပိုကောင်းမယ်ထင်လို့ ဒီပို့ စ်လေးကိုတင်
ပေးလိုက်ပါတယ်။

ကျွန်တော်တို့ Windows တင်တဲ့အခါမှာ Hard disk formatting နဲ့
ပက်သက်လို့ အောက်ပါအတိုင်းတွေ့ရပါတယ်။
တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး
NTFS File System ဘဲ ပါပါတော့တယ်။နောက်ပြီး no Changes
လဲ ပါမလာတာတွေ ရှိပါတယ်။
Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။

ဒီနေရာလေးထဲမှာ

Format the partition by using the NTFS file system (Quick)
Format the partition by using the FAT file system (Quick)
Format the partition by using the NTFS file system
Format the partition by using the FAT file system
Leave the current file system intact (no changes)


Quick Format


ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက
File တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို
Scans မလုပ်ပေးပါဘူး။ တစ်နည်းအားဖြင့် Bad Sectors ရှိရဲ့သားနဲ့
bad Sectors ကို Scan မလုပ်ဘဲ badsector ကိုကျော်ပြီး ကောင်းတဲ့
နေရာမှာဘဲ တင်သွားတာပါ။
ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေမဲ့ bad Sectors တွေကို
Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ Bad Sectors ရှိရဲ့သားနဲ့
မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင်
Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။
Disk Error ရှောင်ရှား နိုင်သလား ကိုယ်တိုင် စဉ်းစားကြည့်ပါ။

Regular Format

Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။
Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ
Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင်
Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။
ဒါကြောင့် Regular နဲ့ Quick ဘယ်သူ ပိုကောင်းသလဲ

ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ကျပါတော့။

ဒာချိန်လေးနဲနဲပေးရတာ ဘာမှ မကြာပါဝူးရယ်...ပြီးတော့ ဟက်ဒစ်တွေကလည်း
ပမာဏများတာရှိရင်လည်း သီးခံပြီးပေးကြပါ..ကျွန်တော်ဆို
ဟက်ဒစ် ဂစ် ၁၀၀၀ ကို ၂၀၀ဂစ်ဆီ (၅) ခုခွဲပြီး regular format နဲ့ ပေးတာ
၃ နာရီခွဲကြာခဲ့တယ်...


အဆင်ပြေကြပါစေဗျာ။


ကိုမြတ် မှကူးယူဖော်ပြထားပါသည်။

system restore ၏ ကောင်းကျိုး၊ ဆိုးကျိုးများ

system restore ဆိုတာ system failure ဖြစ်တဲ့အခါမှ အဲဒီ system တစ်ခုလုံးကို recover လုပ်ဖို့ အတွက် system restore ကိုလုပ်ကြတာပါ။
system restore ကို တော်ရုံ error လေးလောက်တွေနဲ့ တော့ system restore မလုပ်သင့်ပါဘူး။
system restore ဆိုတာကျနောတို့အတွက် နောက်ဆုံးလက်နက်တစ်ခုပါ။
ကိုယ့်ရဲ့ system မှာ failure ဖြစ်ရခြင်းရဲ့  source ကို လိုက်ပြီး ဖြေရှင်းနိုင် သလောက်တော့ ဖြေရှင်းသင့်ပါတယ်မရသေးရင် safe mode ထဲဝင်ပြီး ဖြေရှင်းကြည့်သင့်ပါတယ်။
နောက်ဆုံးမှမရခဲ့ရင်တော့ မှနောက်ဆုံးလက်နက်ဖြစ်တဲ့ system restore ကို သုံးသင့်ပါတယ်။

System Restore ရဲ့ ကောင်းကျိုးကတော့

system ကြီးတစ်ခုလုံးရဲ့ မူလ အခြေအနေကို ပြန်ရောက်နိုင်တာပါ
(system restore စနစ်ကို ပိတ်မထားဘူးဆိုရင်ပေါ့)

System Restore ရဲ့ ဆိုးကျိုးကတော့
သင့် system failure ဖြစ်လို့  restore လုပ်တဲ့နေ့ က 20.5.2010 ဆိုပါဆို။
သင့်ဟာ 1.4.2010 နေ့ ရဲ့  system အခြေအနေကို ပြန်ယူလိုက်တယ်ဆိုရင်
1.4.2010ရက်နေ့ နဲ့ 20.5.2010 ရက်နေြ့ကားမှာ သင့် install လုပ်ခဲ့တဲ့
software တွေသင်သိမ်းထားခဲ့တဲ့ဖိုင်တွေဘာမှ ပြန်မရနိုင်တော့ပါဘူး။
ဒီအတွက် SYSTEMRESTORE ကိုလုပ်တော့မယ်ဆိုသေချာဆုံးဖြတ်ပြီးမှ
လုပ်ဆောင်သင့်ပါတယ်။

အဆင်ပြေကြပါစေဗျာ။


ကိုမြတ် မှကူးယူဖေါ်ပြထားပါသည်။

COMPUTER ကိုဘယ်သူသုံးသေးလဲ

နည်းလေးကတော့လွယ်လွယ်လေးပါ။မသိသေးတဲ့လူတွေအတွက်ပါ။
ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင်ကော ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။

1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်။

အဆင်ပြေကြပါစေဗျာ။

ကိုမြတ် မှကူးယူဖေါ်ပြထားပါသည်။

ကွန်ပျူတာShutdown လုပ်သည့်အချိန် ကြာမြင့်လွန်းလျှင်

ကွန်ပျူတာသမားတော်တော်များများကတော့ Nvidia Driver Helper Service (Nvidia Video Card မှသုံးသည်) ဟာ Shutdown လုပ်တဲ့အချိန်ကို ကြာစေတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း အဲဒီပြဿနာကို Nvidia Video Card Driver ကို Update လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ Terminal Service ကို Disable လုပ်လိုက်ရင် Shutdown လုပ်တဲ့အချိန် သိသိသာသာကို မြန်သွားတယ်လို့ ပြောကြပြန်ပါတယ်။ Terminal Services ဟာ Remote Assistance, Remote Desktop နဲ့ Fast User Switching တွေအလုပ်လုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်။ သုံးမျိုးစလုံးကို မြန်မာနိုင်ငံက ကွန်ပျူတာသုံးစွဲသူတွေ မသုံးသလောက်နီးပါးရှိတဲ့အတွက် အဲဒီ Terminal Services ကို ပိတ်ထားလိုက်လို့ရပါတယ်။ ပိတ်နည်းကတော့
၁။ Start>Run မှတစ်ဆင့် services.msc ဟုရိုက်ပြီး Enter ခေါက်ပါ။
၂။ Services Window ပွင့်လာပါလိမ့်မည်။ Services အမည်များကိုလည်း တန်းစီပြီး တွေ့ရပါလိမ့်မည်။
၃။ ထိုအထဲတွင် Terminal Services ကိုတွေ့အောင်ရှာပါ။ တွေ့လျှင် Double Click နှိပ်ပါ။
၎။ Properties Dialog box တစ်ခုကျလာပါလိမ့်မည်။ Startup type drop down list box ကိုနှိပ်ပြီး Disabled ကိုရွေးပါ။ OK နှိပ်ပါ။
၅။ Computer ကို Restart လုပ်ပါ။ နောက်တစ်ခါ Shutdown လုပ်ကြည့်ပါ။ ပိုမြန်လာပါလိမ့်မည်။
shutdown အချိန်ကို ကြာမြင့်စေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ Windows ဟာ shutdown လုပ်တဲ့အခါမှာ Virtual Memory နဲ့ Hibernation Cache ကို ဖျက်ဖို့ ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို Virtual Memory နဲ့ Hibernation Cache ကို ဖျက်ခြင်းဟာ Shutdown လုပ်တဲ့အချိန်ကို အရမ်းကြာမြင့်စေပါတယ်။ တကယ်တမ်းတော့ အဲဒီဖျက်တဲ့ Function ကို Windows က ပိတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ software တွေက အဲဒါကို ပြန်ဖွင့်တတ်ပါတယ်။အဲဒီလို သွားဖျက်တဲ့ Feature လေး ကိုယ့်ပီစီမှာ ဖွင့်ထားသလား၊ ပိတ်ထားသလား ဆုံးဖြတ်ဖို့အတွက် Run ထဲမှာ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပွင့်လာရင် ဘယ်ဘယ်မှာရှိတဲ့ Computer Configuration>Windows Settings>Security Settings>Local Policies>Security Options ကို ရောက်အောင်သွားပါ။ ပြီးရင် ညာဘက်မှာပေါ်လာတဲ့ စာတန်းတွေထဲကနေ Shutdown: Clear virtual memory page file ဆိုတဲ့ စာသားလေးကို ရှာပါ။ Disabled ဖြစ်နေတယ်ဆိုရင် ပိတ်ထားတာပါ။ Enabled ဖြစ်နေတယ်ဆိုရင် Disabled လုပ်ပစ်ရမှာပါ။ Disabled လုပ်ဖို့အတွက် အဲဒီစာသားပေါ်မှာ Double Click နှိပ်ပြီး Disabled ကိုရွေးပါ။ OK ပေါ် နှိပ်ပါ။ ကွန်ပျူတာကို Restart လုပ်ပါ။

ကိုမြတ် မှ ကူးယူ ဖေါ်ပြထားပါသည်။

Window XP ဆိုတာ......

   Window XP မှာ XP ရဲ့ အရှည်ကောက်ကတော့.. " Windows eXPerience " ပါ ။
နောက်တစ်မျိုးက " Windows eXtremely exPensive " လို့သုံးနှုန်းကြပါတယ် ။
ကွန်ပျုတာ ကျွှမ်းကျင်သူတွေကတော့ XP ကို " eXtra Protection " လို့တင်စား
ခေါ်ဝေါ်ကြပါတယ် ။

Window XP
လို့ခေါ်တဲ့ Computer စနစ် Software ကြီးကို ...
အမေရိကန်ပြည်ထောင်စုအခြေစိုက် Microsoft ကုမ္ပဏီမှ
ထုတ်လုပ်ပါတယ်။ Microsoft ကုမ္ပဏီကို တည်ထောင်သူကတော့ Bill Gates နှင့်
Paul Allen
တို့ပဲ ဖြစ်ပါတယ် ။
အခုအခါ Bill Gates ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါတယ် ။

ကွန်ပျူတာ ကျွှမ်းကျင်သူတွေက ......
Window XP
ဟာ Windows NT/2000 ကို အခြေခံထားတာတဲ့ ။
ဘာကြောင့်လည်း ဆိုတော့ Window XP က တည်ငြိမ်မူရှိလို့ပါတဲ့ ။
ဒါပေမယ့်... သိပ်ကောင်းတယ်လို့တော့ မဆိုလိုပါဘူးတဲ့ ။
Window XP
သည် Kernel Mode Architecture အခြေခံထားပါတယ် ။
ဆိုလိုတာက Window စနစ် codes တွေဟာ အခြား software များနဲ့ ခြားနားလို့ပါပဲ ။

ထူးခြားသည့်အချက်ကတော့ .. DLL ( Dynamic Link Libraries ) ကြောင့်ပါ ။
DLL
က Window စနစ်တွင် အရေးကြီးသည့်
အစိတ်အပိုင်းတစ်ခုပါ ။ အခြား မည်သည့် softwares ကို မဆို
လွယ်ကူစွာ ချိတ်ဆက်ပေးနိုင်ပါတယ် ။ မလိုအပ်လျှင်လည်း
အကွာအကွယ်ပေးပါတယ် ။ DLL ပျက်သွားလျှင် softwares များ
အလုပ်လုပ်နေခြင်းကို ရပ်သွားပါလိမ့်မယ် ။
အကယ်၍ DLL ဖိုင်ပျောက်ဆုံးသွားပါက ( သို့ ) ပျက်သွားပါသည်ကို
error messages
များအဖြစ်ဖော်ပြပေးပါတယ် ။
Websites
များသို့ ၀င်ရောက်ရာတွင်လည်း ကြိုတင်ကာကွယ်မူကိုပေးနိုင်တာကြောင့် ...
ကွန်ပျူတာ ကျွှမ်းကျင်သူတွေက XP ကို
" eXtra Protection "
လို့တစ်စားခေါ်ဝေါ်ခဲ့ကြတာကိုး............................။
၁၉၈၁ ခုနှစ်မှာ ပထမဆုံး Microsoft MS-DOS ကို စတင်ထုတ်လုပ်ခဲ့ပါတယ် ။
တဖြည်းဖြည်းနဲ့ အဆင့်မြှင့်တင်လာခဲ့ရာ ယခု
Window XP
ရောက်ရှိလာတဲ့ အထိပါပဲ ..........................။


*****Window XP

" Windows eXPerience "

" Windows eXtremely exPensive "

" Windows eXtra Protection "

*****Windows System File
တွေဖြစ်တဲ့ ( *.DLL ) ဖိုင်တွေကို
Window
ပေါ်မှာ တိုက်ရိုက်အသုံးမပြုနိုင်တဲ့အတွက်
Microsoft
က ( *.exe ) ဖိုင်တွေနဲ့ Control လုပ်နိုင်ဖို့ပြင်ဆင်ခဲ့ပါတယ် ။
ဒါကြောင့် ကျွန်တော်တို့ရဲ့ Windows ပေါ်မှာ
( svchost.exe )
နှင့် အခြား ( *.exe ) ဖိုင်တွေကို တွေ့နေ ၊ မြင်နေရတာပါပဲ ။
Windows Task Manager
က
Processes tab
အောက်မှာ သွားကြည့်နိုင်ပါတယ် ။







 

ကိုမြတ် မှကူးယူဖေါ်ပြထားပါသည်

Angry.Birds.Seasons v1.5.1

ကဲ လာပြန်ပြီနော် နောက်ထပ် ဂိမ်းတစ်မျိုး မတူညီတဲ့ စွမ်းအားတွေကို ပိုင်တဲ့ငှက်တွေတဲ့ ဗားရှင်းအသစ်တစ်မျိုး တွေ့လို့ ထပ်တင်ပေးလိုက်ပါတယ်။ ကြိုက်မယ်လို့ထင်ပါတယ်။ အဆင်ပြေအောင်ဆိုပြီး Mediafire လင့်မှာတင်ပေးထားပါတယ်။ ဒေါင်းလို့ အဆင်မပြေရင် ကွန်မန့်ပေးခဲ့ပါ။ ကျွန်တော် တခြားလင့်မှာတင်ပေးပါ့မယ်။ အောက်မှာ ဒေါင်းလိုက်ပါ mediafire လင့်ရဲ့ဖိုင်ဆိုဒ်က 27.6MB ရှိပါတယ်။



Sunday, October 23, 2011

Internet Speed ကို 20% မြန်အောင်လုပ်ကြည့်၇အောင်

ဒီပို့ဒ်လေးကတော့ မိမိတို့စက်မှာ Internet Speed ကို 20% မြန်အောင်ပြုလုပ်ချင်သူတွေအတွက်ပါ။
အောက်မှာပြထားတဲ့နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.......ကျွန်တော်ပုံလေးတွေ
နဲ့လဲပြထားပေးပါတယ်.........
1. Windows + R ကိုနှိပ်လိုက်ပါ။ကျလာသော Run Box ထဲတွင် gpedit.msc ကို၇ိုက်ပါ။ပြီး၇င် Enter
   ကိုနှိပ်လိုက်ပါ။
2.Administrative  Templates ကိုနှိပ်လိုက်ပါ။အောက်မှာ Network ကို၇ှာပါ။
3.Network ကိုနိုပ်လိုက်ပါ။အောက်မှာ QoS Packet Scheduler ကို၇ှာပါ။
4.QoS Packet Scheduler ကိုကလစ်နှစ်ချက်နှိက်လိုက်ပါ။ ညာဘက်မှာ Limit reservable bandwidth
   ကို၇ှာပါ။
5.Limit reservable bandwidth ကိုကလစ်နှစ်ချက်နှိက်လိုက်ပါ။ Limit reservable bandwidth box
   လေးကျလာပါလိမ့်မယ်။
6.Enabled ( optional ) ကိုေ၇ွးလိုက်ပါ။
7.Bandwidth limit (%) ကို " 0 " သို့ပြောင်းလိုက်ပါ။ ပြီး၇င် Apply ကိုနှိပ်လိုက်ပါ။ OK ပေးလိုက်ပါ။
ကဲဒါပါပဲ...မ၇ှင်းသေးဘူးဆို၇င်တော့အောက်မှာပုံလေးတွေအတိုင်းလိုက်လုပ်ကြည့်လိုက်ပါနော်.....




























Saturday, October 22, 2011

သံစုံကွန်ပျူတာ

Keyboard ပဲနှိပ်နှိပ် Mouse ပဲနှိပ်နှိပ် ဘာပဲနှိပ်နှိပ်ဗျာအသံမျိုးစုံထုတ်ပေးတယ်။ နောက်ချင်ရင် Installသာလုပ်ခဲ့ ဘာနှိပ်နှိပ် အသုံစုံထွက်နေလိမ့်မယ်။ Startup နဲ့ Run တဲ့အတွက် Windows တက်တာနဲ့ Run ပြီးသားပဲ။မလိုချင်ရင် Mute, ဒါမှမဟုတ်ရင် Unstall လုပ်ရုံပဲ။

ဒီမှာနော်အဆင်မပြေရင် မေးလ်ပို့ပေးထားပါ ဒါမှမဟုတ် Cbox မှာရေးခဲ့ပါ။

Angry Bird(For Windows)

Windows သုံးသူတွေကတွက် လက်တလော မိုဘိုင်းတွေမှာခေတ်စားနေတဲ့ Angry Bird ဂိမ်းလေးပါ။ဆော့ရင်းနဲ့ အရသာတွေ့သွားလို့ ပြန်ရှယ်ပေးလိုက်ပါတယ်။ မတူညီတဲ့ အစွမ်းတွေရှိကြတဲ့ ငှက်လေးတွေကို ဘယ်နေရာမှာ ဘယ်လို သုံးရမလဲ ဆိုတာကို စဉ်းစားပြီးဆော့ရတာလေးကိုကြိုက်တယ်။ ပြောနေကြာတယ်ဗျာ ဒေါင်းပြီးတော့သာဆော့ကြည့်လိုက်တော့။ မရရင်လည်းပြောကြနော်။Install လည်းလုပ်စရာမလိုဘူး။.exe လေးကို Run လိုက်ရင်ရပြီ။ Error ရှိနေရင်တော့ ပါလာတဲံ .dll ဖိုင်လေးကို C:\Windows\system32 ထဲကိုထည့်ပေးလိုက်ပါ။ မရသေးဘူးဆိုရင်တော့ ကိုယ့်ရဲ့ Graphic Driver ကို Update လုပ်ပါ။ Graphic အများကြီးမသုံးပေမယ့် CPU တော့နည်းနည်းတုပ်တယ်။ အောက်မှာဒေါင်းလိုက်နော်......

Friday, October 21, 2011

IDM ကို Full Version ဖြစ်အောင် Install လုပ်နည်း

Internet Download Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း

ကျွန်တော် ဒီနေ့တော့ တောင်းဆိုတာလဲ များနေတဲ့အပြင် တော်တော်များများလဲ အဆင်မပြေသေးတဲ့ IDM ကို Full Version ဖြစ်အောင်မသုံးတက်သေးတဲ့ သူတွေအတွက် Keygen နဲ့ Patch File အသုံးပြုနည်းရယ် ၊ အဲ့ဒါတွေကို အသုံးမပြုမှီ ဘာတွေပြင်ဆင်ဖို့ လိုတယ်ဆိုတာရယ် မိမိစက်မှာ လက်ရှိသုံးနေတဲ့ Internet Downlaod Manager က Update မဖြစ်ဖူးဆိုရင် ဘယ်လို Update ပေးပြီး Full Version သုံးလို့ရအောင် ဘယ်လိုလုပ် ရမယ်ဆိုတာကို အသေးစိတ် Install လုပ်နည်းကအစ ပုံလေးတွေနဲ့ ရှင်းပြပေးသွားပါမယ်.. ဒီနေရမှာ ကျွန်တော်က ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ဆိုတာကိုပဲ အဓိကရေးပေးသွားမှာပါမယ် .. 
တစ်ခါတစ်လေ ကျတော့လဲ စာရေးရတာ တော်တော်စဉ်းစား နေရပါတယ်.. တစ်ချို့က ကွန်ပျူတာ နဲ့ပါတ်သတ်ရင် သုံးတက်တာကလွဲပြီး Software ပိုင်းတွေ နဲ့ပါတ်သတ်ရင် လုံးလုံးကိုနားမလည်တဲ့ သူတွေရှိပါတယ် .. ကျွန်တော်အနေနဲ့ အများစုအဆင်ပြေအောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့အဓိက ထားပြီး ရေးပေးနေတာပါပဲ.. တကယ်လို့မိမိတို့က ကွန်ပျူတာအခြေခံ လုံးဝမရှိသေးလို့ နားမလည်ဘူးဆိုရင်တောင် ပုံလေးတွေကြည့်ပြီးတော့ ကြိုးစားပြီးလုပ်ပေးစေချင်ပါတယ်.. စမ်းမကြည့်ပဲနဲ့ ဘာတွေရေးထားမှန်း နားမလည်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှတက်နိုင်မှာမဟုတ်ပါဘူး .. ဘယ်အရာမဆို ကိုယ်တိုင်ကြိုးစား အားထုတ်မှုလေးတွေတော့ လိုအပ်တာအမှန်ပါပဲ.. ဘာမှမသိဘူးဆိုပြီး ဘာမှမလုပ်ပဲနေရင်တော့ ဘာမှသိလာမှာလဲမဟုတ်ပါဘူး ..

ကျွန်တော် အနေနဲ့ ပို့စ်တွေကို ပုံတွေနဲ့အသေးစိတ်ရှင်းပြဖို့ ပြင်ဆင်ရတာ အရမ်းအချိန်ပေးရပါတယ်.. စာရေးတယ် ဆိုတာက ကိုရေးချင်တာကို ချရေးရတာ တစ်ခုထဲဖြစ်လို့ အဆင်ပြေပါတယ်.. ပုံတွေနဲ့ရှင်းရတဲ့ အခါကျတော့ ပုံတွေကို Record လုပ်ဖို့အတွက် ပြင်ဆင်ရတယ်.. ပြီးရင် တစ်ခါကိုလိုချင်တဲ့ ပုံစံလေးတွေ ဖြစ်အောင် ပြင်ဆင်ရတယ် နောက်ပြီး ပို့စ်တင်တဲ့အခါ ပုံတွေကို Upload ပြန်တင်ရတယ်.. အရမ်းအချိန်ပေးရသလို ကျွန်တော်လဲ ပင်ပန်းပါတယ်.. ကျွန်တော်အနေနဲ့ အားလုံးကို အဆင်ပြေစေချင်လို့ အပင်ပန်းခံပြီး လုပ်ပေးရတာပါ ဒါကြောင့် ကြိုးစားပြီး လိုက်လုပ်ပေးပါလို့ပဲ ကျွန်တော် တောင်းဆိုပါရစေခင်ဗျာ.. 

အရင်ဆုံး ကျွန်တော် Internet Download Manager 6.05 ကို Keygen သုံးပြီး Full Version ဖြစ်အောင်ဘယ်လိုလုပ် ရမယ်ဆိုတာကို ရှင်းပြပေးပါမယ်.. အရင်ဆုံး Internet Download Manager ကိုစပြီး မိမိတို့စက်မှာ Install မလုပ်ခင် Registry ထဲမှာ အရင် Trail Version သုံးခဲ့တုန်းက ကျန်ခဲ့တဲ့ Key File တွေ အစအန လေးတွေကို အောက်မှာ ပုံလေးတွေနဲ့ပြထားသလို ရှင်းပေးလိုက်ပါ.. တကယ်လို့ ကျွန်တော် တို့က Registry ထဲမှာ မရှင်းခဲ့ဘူးဆိုရင် Patch ချိုးတဲ့အခါမှာ Internet Download Manager ကိုအသုံးပြု နေပါတယ်ဆိုပြီး Error တက်နေမှာဖြစ်ပါတယ်.. တကယ်လို့ Internet Download Manager ကိုခုမှ စပြီး Install လုပ်မှာဆိုရင်တော့ တန်းပြီး Install လုပ်လို့ရပါတယ်..

အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ.. ပြီးရင် Run Box ထဲမှာ regedit လို့ရိုက် ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..







အပေါ်ကအဆင်အတိုင်း Registry ထဲမှာရှင်းပြီးပြီဆိုရင် My Computer >> Local Disk ( C : ) >> Program File  ထဲမှာ  Internet Download Manager  ဆိုတဲ့ Folder ရှိမရှိရှာလိုက်ပါ.. တကယ်လို့ တွေ့တယ်ဆိုရင် အဲ့ဒီကောင်လေးကို Delete လုပ်ပေးလိုက်ပါ.. တကယ်လို့ မရှိတော့ဘူးဆိုရင်တော့ Delete လုပ်ပေးစရာမလို တော့ပါဘူး.. 




ကျွန်တော် တို့အပေါ်က အဆင့်တွေတိုင်း ရှင်းပြီးပြီ ဆိုရင်တော့ Internet Download  Manager  ကိုစပြီး Install လုပ်လို့ ရပါပြီ..အောက်မှာ ကျွန်တော် Install လုပ်နည်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..






အပေါ်က ပုံအတိုင်း  Finish ပေးပြီးပြီဆိုရင်တော့ သူက Firefox မှာသုံးမှာလား စသည်ဖြင့် မေးတာတွေရှိပါ လိမ့်မယ် .. အားလုံးကို OK ပေးလိုက်ပါ.. ပြီးရင် ကျွန်တော်တို့ Keygen File လေးကိုဖွင့်လိုက်ပါ .. ဒီနေရာမှာ Patch File လေးကိုအသုံးပြုလည်း ရပါတယ်.. ကျွန်တော် Patch File အသုံးပြုနည်း ကိုတော့ နောက်တစ်ဆင့် မှာရှင်းပြပေးပါမယ်..

အရင်ဆုံး အောက်ကပုံအတိုင်း Patch Server Check ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ..



အပေါ်က Serial Key လေးကို Copy ကူးပြီးပြီဆိုရင်တော့ IDM လေးကိုဖွင့်လိုက်ပါ .. ပြီးရင်အောက်ကပုံ မှာပြထားတဲ့ အတိုင်း Key ထည့်ပေးလိုက်ပါ..



အောက်ကပုံအတိုင်း ပေါ်လာပြီးဆိုရင်တော့ First Name နဲ့ Last Name မှာမိမိတို့ ကြိုက်တဲ့ နာမည်တစ်ခု ထည့်လိုက်ပါ .. E-Mail မှာတော့ မိမိတို့ အသုံးမပြုတော့တဲ့ E-Mail တစ်ခုထည့်လိုက်ပါ.. ပြီးရင် Serial Number မှာတော့ စောစောက Copy ကူးထားတဲ့ Serial Key လေးကို Paste ပေးလိုက်ပါ.. ပြီးရင်တော့ OK ပေးလိုက်ယုံပါပဲ..

Serial Key ထည့်ပြီးသွားပြီဆိုရင်တော့ Full Version ဖြစ်မဖြစ် ကိုအောက် နည်းအတိုင်း သွားပြီး ကြည့်လိုက်ပါ..



အပေါ်ကနည်းကတော့ Keygen ကိုအသုံးပြုပြီး Full Version သုံးလို့ရအောင် ပြုလုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်.. ဆက်ပြီး ဖော်ပြမဲ့ နည်းလမ်းကတော့ IDM ကို Update ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို Update လုပ်ပြီးတဲ့ အချိန်မှာ Full Version လေးဖြစ်အောင် လုပ်တဲ့ နည်းလမ်းလေးကို Patch File လေးနဲ့ ကျွန်တော် ရှင်းပြပေးသွားပါမယ်.. ဒီနေရာမှာ ဘာကြောင်း Update လုပ်ရတယ် ဆိုတာကို ကျွန်တော် ရှင်းပြပေးပါမယ်.. အပေါ်မှာ ကျွန်တော် ရှင်းပြပေးထားတဲ့ IDM Version က 6.05 ပါ . လက်ရှိ IDM က Version 6.07 အထိ ထွက်နေပါပြီ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး Version လေးကိုအသုံးပြုချင်ပါတယ် .. အဲ့ဒီအတွက် စက်ထဲမှာ အရင်က သုံးနေတဲ့ Version အဟောင်းကို ဖြုတ်စရာမလိုပါဘူး .. လက်ရှိ သုံးနေတဲ့ Version ကို Update ပေးလိုက်ပါ .. ဒါဆိုရင် သူက နောက်ဆုံး Version ကို Download ချပေးပြီး Install လုပ်ပေးသွားပါလိမ့်မယ်.. ကျွန်တော်တို့က နောက်ဆုံး Version အတွက် Keygen နဲ့ Patch File လေးတွေရှာပြီး Patch ချိုးပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် အောက်မှာ ဘယ်လို Update လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

အပေါ်က Full Version ဖြစ်မဖြစ် ကြည့်တဲ့ အဆင့်အတိုင်းသွားပြီး Check For Update ဆိုတာလေးကို နှိပ်ပေးလိုက် ယုံပါပဲ..




အပေါ်ကပုံအတိုင်း Finish ပေးလိုက်ပြီဆိုရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က အရင်သုံးနေတဲ့ မြင့်တဲ့ Version ကို Update ပေးလိုက်တာ ဖြစ်တဲ့အတွက်  အရင်သုံထားတဲ့ Serial Key ကအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး.. ကျွန်တော်အောက်မှာ Update လုပ်လိုက်တဲ့ Version အသစ်ကို Full Version ဖြစ်အောင် လုပ်တဲ့ နည်းလေးကိုတော့ Patch File လေးနဲ့ ရှင်းပြပေးထားပါတယ်.. အောက်ကပုံ အတိုင်း ပေါ်လာရင် OK ပေးလိုက်ပါ.


အပေါ်က ပုံအတိုင်း OK ပေးပြီးပြီ ဆိုရင်တော့ Patch File လေးကို  Copy ကူးလိုက်ပါ..

အပေါ်ကပုံအတိုင်း Patch File လေးကို Copy ကူးပြီးပြီ ဆိုရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း  My Computer >> Local Disk ( C: ) >> Program File အထိအဆင့်ဆင့်သွားပြီး Internet Download Manager ဆိုတဲ့ Folder ထဲမှာ Paste လုပ်ပေးလိုက်ပါ .. 

အပေါ်ကပုံအတိုင်း Patch File လေးကို Double Click ပေးလိုက်ပြီ ဆိုရင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က Patch ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. 





အပေါ်က ပုံအတိုင်း Patch ချိုးပြီးသွားပြီ ဆိုရင်တော့ IDM လေးကိုဖွင့်ကြည့်လိုက်ပါ .. Full Version လေးဖြစ် သွားတာကို တွေ့ရပါလိမ့်မယ်..


တကယ်လို့  Trail Version လေးပဲ ဖြစ်နေသေးတယ် ဆိုရင်တော့ Patch File နဲ့အတူတူ ပါလာတဲ့ Keygen လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Generate လုပ်လိုက်ပါ .. ပြီးရင် Key လေးကို Copy လုပ်ပြီး အပေါ်မှာပြခဲ့တဲ့ နည်းအတိုင်း ထည့်ပေးလိုက်ယုံပါပဲ .. ဒီလောက်ဆိုရင်တော့ အားလုံးပဲ  Internet  Downlaod  Manager  ကို Install လုပ်တာနဲ့ ပါတ်သတ်ပြီး အဆင်ပြေပြေနဲ့ ဆောင်ရွက်တက် သွားလိမ့်မယ်လို့ ထင်ပါတယ်..
ကောင်လေးငယ်မှ ကူးယူဖော်ပြထားပါသည်။
အောင်ရင်ဦး. Powered by Blogger.