ကွန်ပျူတာ ပိုမိုမြန်ဆန်စေသော နည်းလမ်းများ
ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်တွေ့ကြုံရရှိလာသော အတွေးအကြုံလေးကို ပြောပြချင်ပါတယ်။လူတိုင်း
မိမိ သုံးနေသော ကွန်ပျူတာ နှေးကွေး လေးလံနေပါက အသုံးပြုချင်မှာ မဟုတ်သလို စိတ်အနှောင့်အယှက်လဲ ဖြစ်ကြမှာပါ။ ကျွန်တော်အခုဖော်ပြမယ့် နည်းလမ်းများက မေးမြန်းလေ့လာထားတဲ့ နည်းလမ်းများ ဖြစ်ပါတယ်။
လိုအပ်ချက်တော့ရှိမှာပါ။ ယခုလဲကျွန်တော်ကိုယ်တိုင်လက်တွေ့အသုံးပြုပြီးကောင်းမွန်တဲ့အတွက်ပြန် Share လုပ်ခြင်းဖြစ်ပါသည်။သိတဲ့လူတွေရှိသလို မသိတဲ့လူတွေလဲ ရှိမှာပါ။မသိတဲ့လူများအတွက် ရည်ရွယ်ပြီးပြောပြ
တာပါ။အောက်ပါအတိုင်း ပြုလုပ်သွားပါ။ အရင်ဦးဆုံး မိမိရဲ့ စက်ကို
အမြင် ပြောင်းလဲရပါမယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ပါ။
၁။ Desktop ပေါ်ကMy ComputerကိုRight Clickလုပ်ပါ။ Propertiesကိုရွေးပါ။
၂။ System Properties Box ကျလာလျှင် Advanced Tab ကို ရွေးပါ။
၃။ Performance အောက်က Settings ကို ရွေးပါ။
၎။ Visual Effects tab မှ Adjust for best performance ကို ရွေးချယ်ပါ။
၅။ Apply လုပ်။ အနည်းငယ်စောင့်။ ပုံပြောင်းသွားလိမ့်မယ်။ ပြီးရင် Ok ပေါ့။
ကွန်ပျူတာ စဖွင့်ရာမှမြန်ဖို့အတွက် မလိုအပ်တဲ့ဆော့ဝဲတွေကိုလျော့ချ ရပါလိမ့်မယ်။ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့ အတွက်ကြာလှပါတယ်။ဒါကြောင့် မလိုအပ်တဲ့ဆော့ဝဲလ်
တွေ ပိတ်သင့်တာကိုပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကိုပိတ်ရပါလိမ့်မယ်။။
ဘာတွေလဲဆိုတော့
၁။ gttask
၂။ Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ
၃။ Adobe Reader, Adobe Gammaစတာတွေဖြစ်ပါတယ်။တခြားမိမိအင်စတော
သာလုပ်ထားတယ်။အသုံးနည်းတယ်ဆိုရင်ပိတ်ထားနိုင်ပါတယ်။
အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁။ Start မှ Run ကို ရွေးပါ။
၂။ Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃။ System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင်အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများဖြုတ်၍ပိတ်နိုင်ပါတယ်။ လုပ်ငန်းစဉ်များပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင်စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်
မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ဒီပြောင်းလဲမှုဟာအမြဲလား နောက်ပြောင်းအုံး
မှာလားဆိုတဲ့မေးခွန်း message ပါ။ Don’t Show this စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။
အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ်စတက်တဲ့အချိန်မှာမစစ်အောင်ပဲ ပိတ်ထားတာပါ။မိမိလိုအပ်တဲ့အချိန် Start မှနေ၍ပြန်လည် အသုံးပြု၍ ရပါတယ်။ ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ပြန်လည်အသုံးပြု၍ရပါတယ်။
အကယ်၍ မိမိ သည် အဆိုပါ ဖိုင်တို့ကို ပိတ်ထား ရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက် တစ်ရွက်တွင်ရေး
မှတ်ထားပြီးမှ ပြုလုပ်လျှင် ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊အသုံးဝင်ပုံတို့ ကိုဖတ်ချင်လျှင် အင်တာနက်မှ www.process-library.com ၏ SearchBox တွင် သွားရောက်ကြည့်
ရှူနိုင်ပါတယ်။
နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁။ Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂။ Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃။ Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။
၁။ Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။
Properties ကိုရွေးပါ။ startup type အကွက်တွင်Disable ကိုရွေးပါ။ ပြီးလျှင်Apply , Ok ။
၂။ အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။နောက်တစ်ခုက လူတိုင်းမထင်မှတ် ထားတဲ့အရာလေးပါ။ Fonts များကိုလျော့
ချရမှာ ဖြစ် ပါတယ်။ ဟုတ်ပါတယ်။ မလိုအပ်တဲ့ font တွေကို လျော့ချရမှာ ဖြစ်ပါတယ်။တကယ်တမ်း ကိုယ်သုံး နေရတာက ၁၀ ခုတောင် မကျော် ပါဘူး။ ဒါပေမယ့် Font တွေက အလွန်များနေပါတယ်။ အဲဒီတော့ မိမိသုံးတဲ့ Font ကိုပဲထားပြီးမလိုဘူးထင်တာတွေဖျက်ပစ်ပါ။တစ်ခုလောက်တော့ သတိပေးချင် ပါတယ်။ဖောင့်တွေဖျက်
တဲ့ နေ ရာမှာ Character Map မှာ ကိုယ် သုံးနေ တဲ့ font တွေ ကို တော့ မဖျက်ပစ်မိ ဖို့ဖြစ်ပါတယ်။ ဥပမာ- Webdings
နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁။ My Computer ကိုဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂။ Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃။ Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။
နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ DiskDefragmenter လုပ်တာပါ။ဒီနည်းလမ်းကိုနေ့စဉ်စက်ပိတ်
ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁။ Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂။Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။။။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ကဲဒီ လောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။ နောက်ကြုံမှပဲ ဒီထက်ကောင်းတဲ့ နည်းလမ်းများကို ရှာဖွေ ဖော်ပြ ပေးပါမယ်။ အားလုံး အသုံးဝင်၍ပျော်ရွှင်ကြပါစေ။

2 ဦး ထင်မြင်ချက်ရေးသားသွားပါသည်။:
ကောင်းလိုက်တာဗျာ
ဒီထက်ပိုအောင်မြင်ပါစေ လူတွေက တကယ့် အရာတွေ ကို တော့
ပညာလို့မသတ်မှတ်ဘူး ဗျာ ၀မ်းနည်းတယ် ကျေးဇူးလည်းတင်ပါတယ်
Post a Comment
လာလည်တဲ့အတွက် ကျေးဇူးပဲနော်။ သင်ပေးခဲ့သော ကွန်မန့်လေးဟာ နောက်ပို့စ်တစ်ခုအတွက်တော့ အားဆေးတစ်ခွက်ဖြစ်မှာတော့ အမှန်ပါ။